NIEC

FOR BETTER EDUCATION

Phone: 09-442648588-99
Email: info@niecinternationalschool.com

FAQs

2 နှစ်ခွဲမှစ၍ မူကြိုစလက်ခံပါတယ်ရှင်။

အင်္ဂလိပ်စာအခြေခံ၊ သချာင်္အခြေခံ၊ ကာလာချယ်၊ ပုံပြင်စာအုပ်တွေဖတ်ပေးတယ်၊ Listening ကောင်းအောင် ကာတွန်းလေးတွေ ပြပေးတယ်/ foreigner teacher နှင့် လည်း
Pronunciation မှန်အောင် အတန်းချိန်ထည့်ပေးထားပါတယ်။ ၊ ကိုယ်လက်သန်မာစေရန် ဂျုံလုံးတွေ နယ်ခိုင်း/လုံးခိုင်းပါတယ်၊ ဖြတ်ထွန်းဥာဏ်ကောင်းအောင်လည်း
အရုပ်လေးတွေ ဆက်ခိုင်းပါတယ်ရှင့်၊ အိပ်ချိန်လည်းတစ်နာရီပေးထားပါတယ်ရှင့်။

မူကြိုမှာ Nursery 1, Nursery 2 ,KG 1, KG 2  ဆိုပြီး အတန်းလေးတန်းရှိပါတယ်။ Nursery အတန်းများတက်မည့်သူများအတွက်ကတော့ School Academic Year အစမှ  
First Semester ( 5 လအတွင်း) ကလေးရဲ့တိုးတက်မှုပေါ် မူတည်ပြီးတော့ အတန်းအပြောင်းအလဲ လုပ်ပေးပါတယ်။ KG တက်ရောက်မည့်သူများအတွက်ကတော့
KG 1 မှာ တစ်နှစ်၊ KG 2 မှာ တစ်နှစ် တက်ရောက်ရပါတယ်ရှင့်။ ကလေးတိုးတက်မှုပေါ်မူတည်ပြီးတော့ 3 နှစ် မှ 4 နှစ်လောက် တက်ရောက်ရပါတယ်ရှင်။

အတန်းတွေကတော့ Primary-1 to 6, Secondary-1 to 4 အထိရှိပါတယ်။ Secondary-3  နှင့် 4 မှာ BC မှ ကျင်းပပေးမည့် IGCSE ဆိုတယ့် တက္ကသိုလ် ၀င်ခွင့်စာများကို
လေ့လာသင်ကြားပေးပါတယ် ရှင့်။

Secondary 1 &2 အတန်းများတွင် English, Maths, Science, History, Physical Education, Music, Computing ဘာသာရပ်များပါဝင်သည့်အနက် Science အနေနှင့်
Biology, Physics and Chemistry ဘာသာရပ်များကို သင်ယူရမှာဖြစ်ပါတယ်ရှင်။

Primary အတန်းတွေမှာတော့ English, Maths, Science, Health Education, Physical Education, Computing, Art & Craft, Music, English Language, Myanmar နှင့် Optional language အနေနှင့် English (or) Chinese နှစ်မျိုးအနက် တစ်မျိုးရွေးချယ်၍ သင်ကြားခွင့်ရှိပါသည်။

KG-1 မှာတော့ English, Maths, Physical Education, Computing, Art & Craft, Music, English Language , Myanmar နှင့် Optional language အနေနှင့် English (or) Chinese နှစ်မျိုးအနက် တစ်မျိုးရွေးချယ်၍ သင်ကြားခွင့်ရှိပြီး KG 2 မှာတော့ English, Maths, Physical Education, Computing, Art & Craft, Music, English Language , Myanmar နှင့် Optional language အနေနှင့် English (or) Chinese များအနက် Science နှင့် Social ဘာသာများထပ်မံသင်ယူရမှာ ဖြစ်ပါတယ်ရှင်။

 IGCSE မှာတော့ English As a Second Language, Maths B, Additional Maths, Physic, Chemistry, Business, Accounting, ICT, Bio ဘာသာတွေ အနက်
အနည်းဆုံး ၅ ဘာသာရွေးဖြေရပါမည်။ (ဥပမာ- ဆရာဝန်လိုင်းကို ယူမည်ဟုရည်ရွယ်ထားပါက English As a Second Language, Maths B, Physics,
Chemistry and Biology (အနည်းဆုံး 5 ဘာသာ) ယူရပါတယ်ရှင်။

 

IGCSE ဖြေပြီးရင်တော့ နိုင်ငံခြားမှ University or College ကျောင်းများသို့ Grading ပေါ်မူတည်ပြီးတော့ မိမိ နှစ်သက်ရာ မေဂျာကို လျှောက်လို့ရပါတယ်ရှင်။

မြို့နယ်တိုင်းအတွက် စီစဉ်ပေးထားပါတယ်ရှင်။  အကွာအဝေးပေါ်မူတည်ပြီးတော့ ဈေးနှုန်းများ သတ်မှတ်ထားပေးထားပါတယ်ရှင်။

Academic Year အနေနဲ့ June လမှစပြီး March လတွင် ပြီးဆုံးပါမည်။

Pre School များအနေဖြင့် NIEC ကျောင်းသို့တက်ရောက်မည်ဆိုလျှင် ပထမဦးဆုံးအနေနှင့် ကလေးအားကျောင်းသို့ နေ့တစ်ပိုင်း(သို့) လိုအပ်သလို
Observation ကာလအနေဖြင့်ထားရှိရပါမည်။ Observation ကာလပြီးမှသာလျှင် ကျောင်းမှ ကလေး၏်ကျောင်းတက်ရောက်ခွင့်ကို ဆွေးနွေးမှာဖြစ်ပါတယ်ရှင်။

Primary မှ Secondary အတန်းများတက်ရောက်နိုင်ရန်  ပထမဦးဆုံး ၀င်ခွင့်ဖြေရပါမည်။ ၀င်ခွင့်ဖြေဆိုရန် လာရောက်သည်နှင့် အတူ ကျောင်းသားကျောင်းသူများ၏
နောက်ဆုံးတက်ရောက်အောင်မြင်ခဲ့သော အမှတ်စာရင်းနှင့် အောင်လက်မှတ်များကို တစ်ပါးတည်းယူဆောင်လာရပါမည်။

English နှင့် Maths  နှစ်ဘာသာဖြေဆိုရပါမည်။

Paper Test များကို ပထမရက်တွင် ဖြေဆိုရပြီး ဒုတိယ တစ်ရက်တွင် oral Test ဖြေပြီးမှသာလျှင် ၀င်ခွင့်အောင်စာရင်းကို သိရပါမည်။

NIEC တွင်  CIE (Cambridge International Exam ) သင်ရိုးညွှန်းနှင့် သင်ကြားလျှက်ရှိပါသည်။

NIEC တွင် Local Teacher များနှင့် Native Teacher များကိုခန့်အပ်ထားပါသည်။

ကျောင်းသားကျောင်းသူများအနေနှင့် Chapter End Test များကို Chapter တစ်ခုပြီးတိုင်း အတန်းထဲတွင် ပုံမှန်ပြုလုပ်ပေးပြီး စာမေးပွဲကြီးများအနေနှင့်
SA 1 (Semestral Assessment 1) ပထမနှစ်ဝက်စာမေးပွဲ နှင့် SA 2 (Semestralr Assessment 2) ဒုတိယနှစ်ဆုံးစာမေးပွဲဆိုပြီး နှစ်ကြိမ်ကျင်းပပေးပါတယ်ရှင်။

ကျောင်းသားကျောင်းသူများရဲ့ အအောင်အရှုံးကို တစ်နှစ်ပတ်လုံးဖြေဆိုခဲ့သော SA1,SA 2 များ၏ရလဒ်အားလုံးပေါင်းပြီးပျှမ်းမျှအမှတ် 50 ရမှသာလျှင်
အောင်မြင်မည်ဖြစ်ပါသည်ရှင်။

ကျောင်းသားကျောင်းသူများ၏ ပတ်စ်ပို့ဆိုဒ် ဓာတ်ပုံ ၃ ပုံ၊မွေးစာရင်းမိတ္ထူ၊ အရင်ကျောင်းမှ အောင်လက်မှတ်၊ ကျောင်းထွက်လက်မှတ် များလိုအပ်ပါတယ်ရှင်။

နံနက် 9 နာရီတွင် ကျောင်းစတင်တက်ရောက်ပြီး 11း00 မှ 12း00 အတွင်းထမင်းစားအားလပ်ချိန်ထားရှိပေးပြီး 23း0 တွင် ကျောင်းဆင်းရမည်ဖြစ်ပါတယ်ရှင်။

ကျောင်းလခများကိုတော့ တစ်နှစ်မှာ ၁၀ လစာပေးသွင်းရပြီး  ၃လစာ နှစ်ကြိမ်နှင့် ၄ လစာတစ်ကြိမ်ဖြင့် သုံးကြိမ်ခွဲ၍ သွင်းပေးရပါမည်။

ကျောင်းလခများမှာတော့ - (Timetable)

တိုက်ရိုက်တော့ပြောင်းခွင့်မရှိပါဘူးရှင်။ မြန်မာကျောင်းမှ သတ်မှတ်ထားသော ၀င်ခွင့်ကို ဖြေဆိုပြီးမှသာလျှင် တက်ရောက်ခွင့်ရှိမည်ဖြစ်ပါသည်။

မည်သည့်တက္ကသိုလ်ကျောင်းများနှင့်မှ ချိတ်ဆက်ထားခြင်းမရှိပါ။ သို့သော် IGCSE ဖြေပြီးရင်တော့ Grading ပေါ်မူတည်ပြီးတော့ နိုင်ငံခြားမှ University or collage ကျောင်းများ
လျှောက်လို့ရပါတယ်ရှင်။ မည်သည့်နိုင်ငံတွင်မဆို အစိုးရ ကျောင်းများသို့ တက်ရောက်မည်ဆိုလျှင် မိမိတက်ရောက်မည့် ကျောင်း၏ ၀င်ခွင့်ကို ဖြေဆိုအောင်မြင်မှသာလျှင်
တက်ရောက်ခွင့်ရှိမည်ဖြစ်ပါသည်။

ကျောင်းသားများအား Major စာအုပ်များအတွက် Original စာအုပ်များပေးပြီး Minor စာအုပ်များအတွက် Copy ကို ပေးပါတယ်ရှင်။

ကျောင်းသား သူများ လုံခြုံမှုများအတွက် အတန်းထဲတွင် CCTV များထားရှိပေးပါသည်။ ကျောင်းဝင်းအတွင်းတွင်လည်း Security Guard များထားရှိပေးပါသည်။
ကျောင်းသား/သူများအနေနှင့် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ ထွက်လိုလျှင် မိမိသက်ဆိုင်ရာ ဆရာ/ဆရာမများ၏် ခွင့်ပြုချက်ပေးထားသော
လက်မှတ်ပါ ခွင့်စာအား Security Guard ထံသို့ ပြသပြီးထွက်ခွင့်ရှိမည် ဖြစ်ပါတယ်ရှင်။

လေ့လာရေးခရီးစဉ်များကို ပွင့်လင်းရာသီများတွင် စီစဉ်ပေးပါတယ်ရှင်။

Semester တစ်ခုစီတွင် ကျောင်း၁၀ ရက်ပျက်ခွင့်ရှိပြီး ခွင့် ၂ ရက်ထက်ပိုသောခွင့်များကို ခွင့်စာ (ဆေး၊ခရီး) တင်မှသာလျှင် ခွင့်အဖြစ်သတ်မှတ်ပေးမည်ဖြစ်ပါသည်။
ကျောင်းတက်ရက် ၇၅ % ပြည့်မှသာလျှင် စာပေးပွဲ ဖြေဆိုခွင့်ရှိမည်ဖြစ်ပါသည်။

ကျူရှင်သီးသန့်တော့မလိုအပ်ပါဘူးရှင်။ အားနည်းသောကျောင်းသားများအနေနဲ့ စာမေးပွဲနီးလျှင် အားနည်းသောဘာသာရပ်အလိုက် ကျောင်းချိန်ပြင်ပတွင် အချိန်ပိုများစီစဉ်ပေးပါတယ်ရှင်။
Ferry ယူထားသောကျောင်းသားများအနေနှင့် အချိန်ပိုများအတွက် ferry စီစဉ်ပေးမည် မဟုတ်ပါ။

ကလေးများ၏် လစဉ်တိုးတက်မှုများကို သိရှိရန် Student’s Progress Report Sheet ထားရှိပါတယ်ရှင်။ Chapter End Test တစ်ခုပြီးတိုင်း မိဘများဆီိသို့
ကလေး၏် မှတ်တမ်းများကို သိရှိကြောင်း လက်မှတ် ရယူပါတယ်ရှင်။ အသေးစိတ်သိရှိလိုပါက ရုံးခန်းမှ တစ်ဆင့် ဆရာမ များထံသို့ တွေ့ခွင့် တောင်းဆိုနိုင်ပါတယ်ရှင်။

ကျောင်းဆင်းပွဲကို နှစ်စဉ် ဟိုတယ်တစ်ခုတွင် ကျင်းပပေးပြီး ထိုကျောင်းဆင်းပွဲတွင် ကျောင်းသားများအောင်လက်မှတ်ပေးအပ်ခြင်းအပြင် ဘာသာရပ်အလိုက်
ရရှိသောကျောင်းသားများဆုချီးမြှင့်ခြင်းများလည်းပါဝင်ပါတယ်ရှင်။

ဝင်ခွင့်ထပ်မံဖြေဆိုရပါတယ်ရှင်။ ကလေးများး၏ အားနည်းချက် အားသာချက်များကို သိရှိရန်ဖြစ်ပါတယ်ရှင်။

NELC ကျောင်းအနေဖြင့် English Language Center ဖြစ်ပြီး NIEC ကျောင်းအနေဖြင့်  International Private School ဖြစ်ပါတယ်ရှင်။

ကျောင်းပိတ်ရက်များမှာ အစိုးရကျောင်းပိတ်များတွင်ပိတ်ပြီး Semester တစ်ခုပြီးတိုင်း ကျောင်းပိတ်ရက် ၁၀ ရက်ဝန်းကျင် ပိတ်ပေးပါတယ်ရှင်။

ကျောင်းသားကျောင်းသူများအတွက် ကျောင်းရုံးခန်းထဲတွင်  First Aid Kit ထားရှိပြီး Semester တစ်ခုလျှင် ဒေါက်တာနှင့် Medical Check Up လုပ်ပေးပြီး
မိဘများထံသို့ Medical Check Up Report အားပြန်လည် ပို့ပေးပါတယ်ရှင်။